အ‌ခြေခံအဆင့် IDD ဝန်ဆောင်မှု ထောက်ပံ့ပေးသူ ဖြစ်လာဖို့ DHTIရဲ့ အခမဲ့သင်တန်းတွေကို ပိုမိုလေ့လာပါ

The Diversity in Health Training Institute (DHTI) သည် အခြေခံအဆင့် IDD (ဉာဏ်ရည်ဉာဏ်သွေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစွမ်းရည်အားနည်းသူများ) ကို ဝန်ဆောင်မှုပေးသူများဖြစ်လာရန် စိတ်ဝင်စားသည့် အာရှဘာသာစကားပြော ကျောင်းသားများအတွက် အခမဲ့သင်တန်း၊ အလုပ်အကိုင်ဆိုင်ရာအကြံဉာဏ်ပေး ဆွေးနွေးခြင်းနှင့် အလုပ်နေရာပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။ အခြေခံအဆင့် ဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ဒေါင်းရောဂါလက္ခဏာ(Down Syndrome)၊ ဦးနှောက် ပါလ်စီ(Cerebral Palsy) သို့မဟုတ် Autism Spectrum ရောဂါများကဲ့သို့သော မသန်စွမ်းသူများကို ကူညီပေးသည့် သူများနှင့်/သို့မဟုတ် အဖွဲ့အစည်းများဖြစ်ကြသည်။

အခြေခံအဆင့်  IDDဝန်ဆောင်မှု ထောက်ပံ့ ပေးသူတစ်ဦး ဖြစ်လာခြင်း သည် အမေရိကန် နိုင်ငံ ရှိ ကျန်းမာရေး စောင့်ရှောက်မှု လမ်းကြောင်း တစ်ခုပေါ်တွင် စတင်ရန် သာမက Bay Area ရှိ အာရှ စကားပြော IDD ဝန်ဆောင် မှု ထောက်ပံ့ သူများ  တိုးပွား လာစေရန်  လိုအပ်ချက် တစ်ခု ကိုဖြေရှင်းရန် ကောင်းမွန်သော နည်းလမ်း တစ်ခု ဖြစ်ပါသည် ။

DHTI မှ အခမဲ့ သင်တန်းတွေ အကြောင်း ပိုသိချင်ပါသလား? အောက်ကဇယားကို ကြည့်ပါ (မြင်ကွင်းကို ချဲ့ဖို့ ဇယားကိုနှိပ်ပါ!) -

Image

Share your feedback

How helpful was this resource?
No votes yet

Does something look wrong?