DHTI ရဲ့ အခမဲ့ အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်းကို တက်ပြီးနောက် ဘယ်လို အလုပ်အသစ် တစ်ခုစတင်နိုင်မလဲ?

ဒီဆောင်းပါးကိုဖတ်ပြီးတဲ့နောက် ဘာသင်ယူရမလဲ?

  • အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်းရဲ့ မိတ်ဆက် 
  • အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်းတက်ပြီးနောက် ဘာအလုပ်တွေ လုပ်နိုင်သလဲ? 
  • Mai သည် အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း ပြီးဆုံးပြီးနောက် တိုက်ရိုက် ပြုစုစောင့်ရှောက်မှု အလုပ်သမား တစ် ဦး အဖြစ် သူမ၏အသက်မွေးဝမ်းကျောင်း ကိုစတင်ခဲ့ပုံ။ 

 

အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း၏မိတ်ဆက် 

အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း သည် အခမဲ့ဖြစ်ပြီး ၁၀နာရီကြာ အွန်လိုင်းသင်တန်းဖြစ်ပါသည်။  ဒီသင်တန်းက ဉာဏ်ပညာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မသန်စွမ်းသူ တွေနဲ့ နေထိုင်သူတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။

ဉာဏ်ပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မသန်စွမ်းမှုများသည် များသောအားဖြင့် မွေးဖွားချိန်တွင် ဖြစ်လေ့ရှိသော ကွဲပြားခြားနားချက်များဖြစ်ပြီး တစ်ဦးချင်း၏ ရုပ်ပိုင်း၊ ဉာဏ်ပညာနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့၏ လမ်းကြောင်းကို ထိခိုက်စေသည်။ ဒီအခြေအနေတွေထဲက အများစုက ပင်မ အာရုံကြောစနစ်၊ အဏုဇီဝဖြစ်စဉ်နဲ့ ယိုယွင်းပျက်စီးစေတဲ့ စနစ်တွေဖြစ်ပါတယ်။ 

Respite (In-Home) ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အိမ်များတွင် ပုံမှန်အချိန်ဇယားဖြင့် ယာယီ၊ ဆေးဝါးကုသမှုမဟုတ်သော ပြုစုစောင့်ရှောက်မှုသို့မဟုတ် ကြီးကြပ်မှုတို့ကို ဆိုလိုသည်။ ဘာတွေပါဝင်လဲဆိုရင်-

  • ဖွံ့ ဖြိုးရေးပိုင်းဆိုင်ရာ မသန်စွမ်းသူတစ်ဦးကို အိမ်တွင်ကောင်းစွာ နေနိုင်စေရန် မိသားစုဝင်များကို ကူညီပေးခြင်းဖြစ်သည်။
  • ထိုသူရဲ့ လုံခြုံမှုကို ကာကွယ်ရန် သင့်လျော်သော ပြုစုစောင့်ရှောက်မှု နှင့် ကြီးကြပ်မှုကို ထောက်ပံ့ ပေး ခြင်း ။
  • မိသားစုဝင်တစ်ဦး ဆောင်ရွက်ပေးရမည့် အခြေခံလုပ်ငန်းဆောင်တာများနှင့် မိမိကိုယ်ကို အကူအညီလိုအပ်ချက်များနှင့် အခြားလုပ်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း။ 

အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း ပြီးဆုံးလျှင် သင်ယူရမဲ့အရာများမှာ- 

  • သန့်ရှင်းမှုနဲ့ပတ်သက်သော အခြေခံအချက်များ။
  • COVID-19 ကာလအတွင်း လုံခြုံရန် ကာကွယ်ရမဲ့အရာများ။ 

 

အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်းပြီးရင် ဘာအလုပ်တွေ လုပ်လို့ရလဲ?

အထူးသဖြင့် ဘာသာစကား၂မျိုးနဲ့အထက်ပြောဆိုနိုင်သော တိုက်ရိုက်ပြုစုစောင့်ရှောက်သူများကို ဆက်လက်လိုအပ်လျက်ရှိသည်။Zippia.com အရ တိုက်ရိုက်ပြုစုစောင့်ရှောက်သူများ အတွက် ခန့်မှန်းထားသော အလုပ်အကိုင်တိုးပွားမှု သည် ၂၀၁၈ - ၂၀၂၈ ခုနှစ် မှာ ၃၆ ရာခိုင်နှုန်း ဖြစ် သည် ။ ဆိုလိုသည်က လာမည့် ၁၀ နှစ်ကျော်အတွင်း တိုက်ရိုက်စောင့်ရှောက်သူများအတွက် အလုပ်အသစ် ၁,၁၈၅,၈၀၀ ရှိမည်ဟု မျှော်လင့်ထားသည်ဟု ဆိုလိုသည်။ (Zippia, 2024).

တိုက်ရိုက်ပြုစုစောင့်ရှောက်သူများတွင် ပါဝင်သော အလုပ်များမှာ–

  • ပြုစုစောင့်ရှောက်သူများ - အစားအစာကျွေးခြင်း၊ အဝတ်အစား၊ ဆေးကြောခြင်းစသည့် ဖွံ့ဖြိုးမှုစွမ်းရည်ချို့တဲ့သူများအတွက် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးခြင်း။ 
  • အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်များ - အလုပ်အကိုင်ဆိုင်ရာ နည်းပြပေးခြင်းနှင့် တစ်ဦးချင်းလေ့ကျင့်မှုတို့ဖြင့် ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းသူများကို ထောက်ပံ့ပေးခြင်း။ 
  • လူကြီးနေ့ပရိုဂရမ် သင်ကြားပေးသူ - ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မသန်စွမ်းသူများအတွက် လမ်းညွှန်မှုများ ပြသပေးခြင်း။ ဥပမာ- နေ့စဥ် လုပ်ငန်းဆောင်တာများ၊ အနုပညာဆိုင်ရာပညာရပ်များ သင်ပေးခြင်း။ 

ဒီအလုပ်များ အတွက် လစာ သည် အတွေ့အကြုံ ၊ လေ့ကျင့် မှု နှင့် ကျွမ်းကျင်မှု အဆင့်ပေါ် မူတည်၍ တစ်နာရီလျှင် ဒေါ်လာ ၁၇.၀၀ - ဒေါ်လာ ၂၅.၀၀ ကြားရ နိုင်သည် ။

ဒီသင်တန်းပြီးထားတဲ့တချို့သော သင်တန်းသားတွေက လောလောဆယ်မှာ ပြုစုစောင့်ရှောက်သူတွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်တွေနဲ့ လူကြီးနေ့ပရိုဂရမ် သင်ကြားပေးသူ တွေအဖြစ် အလုပ်လုပ်နေကြပါတယ်။

 

Mai သည် အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း ပြီးဆုံးပြီးနောက် တိုက်ရိုက် ပြုစုစောင့်ရှောက်မှု အလုပ်သမား တစ် ဦး အဖြစ် သူမ၏အသက်မွေးဝမ်းကျောင်း ကိုစတင်ခဲ့ပုံ။

Mai သည် အကူအညီလိုအပ်နေသူများကို လျင်မြန်စွာကူညီခြင်းသင်တန်း နှင့် တိုက်ရိုက်ပြုစုစောင့်ရှောက်သူသင်တန်းကို ပြီးထားပါတယ်။  သူမ သည် မကြာမီ တိုက်ရိုက်ပြုစုစောင့်ရှောက် သူအဖြစ် အသက်မွေးဝမ်းကျောင်း လမ်းကြောင်း အသစ် တစ်ခုကို စတင်နိုင်ခဲ့သည် ။

ကျွန်မသည် DHTI ရဲ့သင်တန်းတွေဟာ မသန်စွမ်းသူတွေနဲ့ ဘယ်လိုဆက်သွယ်နိုင်တယ်ဆိုတာ နားလည်အောင် ကူညီပေးဖို့နဲ့ သူတို့ရဲ့ ဆက်ဆံရေးစွမ်းရည်တွေကို တိုးတက်အောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ နားလည်အောင် ကူညီပေးဖို့ အရမ်းအဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။  ဒီလိုနည်းနဲ့ ပိုကောင်းတဲ့ဘဝတွေရနိုင်ဖို့ မသန်စွမ်းသူတွေကို ထောက်ပံ့ အားပေးနိုင်ပါတယ်။

ဒီသင်တန်းမတက်ခင်က ကျွန်မရဲ့ တာဝန်က မသန်စွမ်းသူတွေကို လုံခြုံအောင်ထားပေးရမယ်လို့ဘဲ ထင်ခဲ့တယ်။  ဒီသင်တန်းပြီးဆုံးပြီးနောက်မှာတော့ တိုက်ရိုက်ထောက်ပံ့ပေးတဲ့ ကျွမ်းကျင်သူအဖြစ် ဘယ်လိုကူညီရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။ ဒါ့အပြင် လက်ရှိအလုပ်မှာ အဆင်ပြေနိုင်ဖို့ သင်တန်းတွေက ကျွန်မကို အများကြီးထောက်ပံ့ပေးခဲ့တယ်။

မတူညီတဲ့ တိုက်ရိုက်ပြုစုစောင့်ရှောက်သူတွေအဖြစ်  ကျွန်မအလုပ်ကို ဆက်လက်တိုးတက်စေချင်ပါတယ်။

 

သင်သည် တိုက်ရိုက်ပြုစုစောင့်ရှောက်သူအဖြစ်လည်း အလုပ်တစ်ခုစတင်ချင်ပါသလား။

သင်သည် Bay Areaတွင် နေထိုင်ပြီး အခြားသောအာရှဘာသာစကားကို ပြောနိုင်ပါသလား ။

Apply for your free, online Fast-Track Respite Training today! (သင်တန်းဆင်းပြီး ၁-၃ လအတွင်း အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်နိုင်ပါတယ်။)

 

Sources

About Intellectual and Developmental Disabilities (IDDs) | NICHD - Eunice Kennedy Shriver National Institute of Child Health and Human Development (nih.gov)

Direct Care Worker Job Outlook And Growth In The US [2024] - Zippia

 

Share your feedback

How helpful was this resource?
No votes yet

Does something look wrong?